လက်ပံတန်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုင်း၊ ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေး

လက်ပံတန်း   ဩဂုတ် ၁၈

၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုင်း၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ  တွေ့ဆုံညှိနှိုင်းဆွေး နွေးပွဲကို ယမန်နေ့က ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးမောင်မောင်ဌေးက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်က  မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်များ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်များ မဖြစ်ပေါ် စေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး