ပဲခူးတိုင်းဒေသကြီး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်း  အစီအဉ်ရေးဆွဲနိုင်ရေး ခရိုင်အဆင့်အလုပ်ရုံ ဆွေးနွေးပွဲပြည်မြို့၌ကျင်းပမည်

ပြည်   သြဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မုတ္တမပင်လယ်ကွေ့ဒေသ ရပ်ရွာအခြေပြု ကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်အဖွဲ့တို့ ပူးပေါင်းကျင်းပသော ပဲခူးတိုင်းဒေသကြီး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် ရေးဆွဲနိုင်ရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ခရိုင် ပြည်မြို့ သီရိခေတ္တရာမြို့တော် ခန်းမ၌ သြဂုတ် ၁၉ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၉နာရီမှ ညနေ ၄နာရီခွဲအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဥ်ရေးဆွဲနိုင်ရန်အတွက် ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ရန်လျာထားပြီး ခရိုင်၊ မြို့နယ်အလိုက် လူနေအိမ်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း အမျိုးအစားများ၊ လက်ရှိကျင့်သုံးနေသော အလေ့အထပုံစံများနှင့် ဖော်ထုတ်ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ လက်ရှိစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲနေသည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ NGOများ၊ CSO များနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းပါဝင်ပေါင်းစပ် ညှိုနှိုင်းဆွေးနွေးမှုမှ ရရှိလာသော ရလဒ်များအား  ပဲခူးတိုင်းဒေသကြီး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းရေးဆွဲ၍ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီ ထံမှသိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)