ကျောက်ကြီး သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် (၁၁)နာရီအချိန်က မဲဆန္ဒရှင်စာရင်းများမှန်ကန်ပြည့်စုံစေရန် အတွက် ရပ်/ကျေးကော်မရှင်အ တွင်းရေးမှူးများနှင့် တွေ့ဆုံ၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး တို့ က စိစစ်ခြင်းကို ပြုလုပ်ခဲ့သည်။
စိစစ်ရာတွင် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများအနေဖြင့် ရပ်ကွက်(၇)ရပ်ကွက်ကျေးရွာအုပ်စု (၃၄)အုပ်စု၌ မဲရုံပေါင်း (၁၄၆) ရုံ ထားရှိမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမိမိ၏ အမည်စာရင်းများမှား ယွင်းမှုရှိနေပါက မိမိအမည်မပါကပုံစံ(၃)၊ ပုံစံ(၃-က)ဖြင့် ဖြည့်စွက်တောင်းဆိုရမည်ဖြစ်ကြောင်း၊ ကန့်ကွက်ရန်နှင့် ပြင်ဆင်ဖြည့်စွက်ရန်များ အားပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များတွင်တင်ပြ တောင်ခံနိုင်ရန်ရှင်း လင်းပြောပြဖို့လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အမည်စာရင်း ဖော်ပြထားရှိမှုမဲစာရင်း ကြေငြာထားရှိမှုအခြေအနေ၊ မဲစာရင်းတွင်နိုင်ငံသား မှတ်ပုံတင်ရရှိမှုရှိ/မရှိ အခြေအနေ၊ ယာယီသက်သေခံကတ် ကိုင်ဆောင်ထားရှိမှုအခြေအနေ၊ သေဆုံးသူစာရင်းပြုလုပ်ထားရန်နှင့် အခြားလိုအပ်ချက်များ စီမံ ဆောင်ရွက်ထားရန် မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်သူကမှာကြားခဲ့သည်။
ထို့နောက်ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုးနှင့်ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများကကြေငြာထားသည့် မဲဆန္ဒရှင် စာရင်းများစိစစ်ခြင်း၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်များ ကွက်လပ်ဖြစ်နေမှုအား မူလရှိပြီးမှတ်ပုံတင်နံပါတ်ပြန် လည် ဖြည့်ဆည်း နိုင်ရေ:နှင့် အမြန်ဆုံးဖြည့်စွက်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊ မဲစာရင်းများအား အမြန်ဆုံးနှင့် အမှန်ကန် ဆုံးဖြစ်အောင် စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်