ဒိုက်ဦးမြို့နယ်တွင် ကျေးရွာမတည်​ရန်​ပုံ​ငွေစီမံကိန်း(VRFP) ရန်​ပုံ​ငွေလွှဲ​ပြောင်း​ပေးအပ်​ပွဲ ကျင်းပ

ဒိုက်​ဦး သြဂုတ်​  ၁၈

ပဲခူးခရိုင်၊ ဒိုက်​ဦးမြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန​မှ ကျေးရွာမတည်​ရန်​ပုံ​ငွေစီမံကိန်း(VRFP) ရန်​ပုံ​ငွေလွှဲ​ပြောင်း​ပေးအပ်​ပွဲ အခမ်းအနားကို သြဂုတ်​လ(၁၇)ရက်​နေ့၊ မွန်းလွဲ(၂)နာရီ အချိန်​ကမြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်း​ဒေသကြီး (၂)လွှတ်​တော်​ ကိုယ်​စားလှယ်​ ဦးသူရ​ဇော်​ကကျေးရွာ မတည်​ရံပုံ​ငွေစီမံကိန်းနှင့်​ပတ်​သက်​၍ ရှင်းလင်း​ပြောကြား ပြီးနောက် ဒိုက်​ဦးမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ​ဒေါ်ချိုချို​အေးက ကျေးရွာမတည်​ရန်​ပုံ​ငွေ စီမံကိန်း လွှဲပြောင်း ​ပေးအပ်​ရခြင်းအား ရှင်းလင်း​ပြောကြားရာ-

  (က) နိုင်​ငံ​တော်​၏ Covid-19 စီးပွား​ရေးကုစားမှုအစီအစဉ်​ကို အ​ထောက်​အကူပြု​စေရန်​၊

 (ခ)လုပ်​ကွက်​ငယ်​တောင်​သူများ၊ စိုက်​ပျိုး​မွေးမြူ ထုတ်​လုပ်​သူများနှင့်​ အ​သေးစား စီးပွား​ရေး လုပ်​ကိုင်​သူများအတွက်​ လိုအပ်​သော​ငွေ​ကြေး အရင်းအနှီးများ ရရှိနိုင်​စေရန်​

  (ဂ)ရရှိ​သော​ ငွေ​ကြေးအရင်းအနှီးဖြင့်​ မိသားစုဝင်​ငွေ တိုးပွား​ရေးလုပ်​ငန်းများကို​ ဆောင်​ရွက်​နိုင်​စေရန်​၊

 (ဃ)တိုးပွားလာ​သော ရန်​ပုံ​ငွေများဖြင့်​ ကျေးရွာမှ ပိုင်​ဆိုင်​သော မတည်​ရန်​ပုံ​ငွေ ထူ​ထောင်​၍ စဉ်​ဆက်​မပြတ်​ ငွေ​ကြေးအရင်းအမြစ် ​ရရှိနိုင်​စေရန်​နှင့် ​ဖွံ့ဖြိုး​ရေးလုပ်​ငန်းများ​ ဆောင်​ရွက်​နိုင်​စေရန်​ ရည်​ရွယ်​ကြောင်း​ပြောကြားသည်​။

ထို့​နောက်​ တက်​ရောက်​လာကြ​သော လွှတ်​တော်​ကိုယ်​စားလှယ်​နှင့်​ဌာနဆိုင်​ရာ အကြီးအကဲများက​ ကျေးရွာစီမံကိန်း​ ကျေးရွာများဖြစ်သည့် ဗျက်​ကြီး​ ကျေးရွာ၊ ဘုရားကြီးကုန်း​ကျေးရွာ၊ လယ်​ကြား​မြောင်​ကျေးရွာ၊ ပသွယ်​ကျေးရွာ၊ ငှက်​သိုက်​ပေါက်​ကျေးရွာ၊ ပန်းပဲစု​ကျေးရွာနှင့်​ ခင်​တန်း​ကျေးရွာတို့အား ငွေကျပ်သိန်း(၂၀၀၀) ခွဲဝေပေးအပ်ရာ ကျေးရွာမတည်​ရန်​ပုံ​ငွေစီမံခန့်​ခွဲမှု​ကော်​မတီအဖွဲ့များက လက်​ခံယူခဲ့​ကြောင်း သိရသည်​။

​ကျော်​ကျော်​(ဒိုက်​ဦး)