ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်းသူ နှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဈေးများရှိ ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဈေးများဌာန၊ အင်းစိန်မြို့နယ် တာဝန်ခံဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့်ဈေးတာ ဝန်ခံများနှင့်အတူ နံ့သာကုန်းဈေး၊ ဆယ်မိုင်ကုန်းဈေးနှင့် ဘိုကုန်းဈေးတို့ရှိ ဈေးရောင်းချသူ ဈေးသည်များ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီဈေး ရောင်းချခြင်း ရှိ/မရှိ၊ နှာခေါင်းစည်းများတပ်ဆင်ထားခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသည့် ဈေးသည်များအား ဈေးဌာန ဝန်ထမ်းများမှဒဏ်ကြေး ပေးဆောင်စေခြင်း များဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)