စမ်းချောင်း ဩဂုတ် ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နေ့လယ် (၂:၀၀)နာရီအချိန်က မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးညွှန်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှမဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ၊ မူလမဲဆန္ဒရှင်များပါ/မပါ၊ ပုံစံ(၃)ဖြင့်ပြန်လည် ဖြည့်သွင်းသော အရေအတွက်၊ ပုံစံ(၄)ဖြင့်ပယ်ဖျက် သောအရေအတွက်မှန်/မမှန်၊ အချက်အလက်မှားယွင်းသဖြင့် တင်သွင်းသည့်ပုံစံ(၄-ဂ)ပြင် ဆောင်ရွက်ပြီး၊ မပြီးစသည့်တို့ကိုသတ်မှတ်ရက်များအတွင်း ပြီးစီး ဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ထူးထက်(ပြန်/ဆက်)