ရွှေတောင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ပြိုကျပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ရွှေတောင် သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျောက်ထရံအုပ်စု ထန်းပင်ကွက်ကျေးရွာတွင် ယခုလ ၁၆ရက်နေ့ကဖြစ် ပွားခဲ့သော မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ ပြိုကျပျက်စီးသောနေအိမ်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်ယမန်နေ့ နေ့လည်ပိုင်းက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများသွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါမိုးသက်လေပြင်းကြောင့် သစ်ပင်ပြိုလဲ၍ပြိုကျ ပျက်စီးသော အိမ်ထောင်စု(၁)စု အတွက်အိမ်ဆောက် ပစ္စည်းဖိုး (၁)သိန်းကျပ် လူဦးရေ (၂)ဦးအတွက် တစ်ဦးလျှင်ဆန်ဘိုး(၂၁၀၀)ကျပ်နှုန်းဖြင့် (၄၂၀၀)ကျပ်၊ သစ်ပင်ပိဒဏ် ရာရလူနာအတွက် ဆေးကုသစရိတ်(၅၀၀၀၀) ကျပ်စုစုပေါင်း (၁၅၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးတို့အား ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)