မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးမှုအား ထောက်ပံ့ကြေး ပေးအပ်

မော်လမြိုင်ကျွန်း  ဩဂုတ် ၁၈

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာ၌ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။

အဆိုပါနေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်စုမှ ဘေးသင့်လူဦးရေတစ်ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါတစ်ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး ကျပ် တစ်သိန်း၊ ဆန်ရိက္ခာ (၇) ရက်စာဘိုး ၂၁၀ဝ ကျပ် စုစုပေါင်း ၁၀၂၁၀ဝ ကျပ် တိတိအား တယ်ချောင်း ကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာ၌ ယနေ့၊ နေ့လည် ၁ နာရီခွဲအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှုဒေါ်ဇာဇာလင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့် ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သီတာအောင်(ပြန်ဆက်)