တန့်ဆည် ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျှက်ရှိ သည့် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) စီမံကိန်း ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာအား စီမံကိန်းဝင်ကျေးရွာများအဖြစ် ရွေးချယ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာ(၄)ရွာအား ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရ သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (Village Revolving Fund Project) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျွန်းလည်၊ သစ်တော်ပေါက်(တ)၊ ဘေရင်း (ရွာသစ်)၊ အင်ပင်သာ ကျေးရွာတို့တွင် ချေးငွေထုတ်ချေးပေးခြင်းအား ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက် လျက်ရှိသည်။
တန့်ဆည်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် Type-1 အဆင့်အဖြစ် ကျေးရွာ(၄)ရွာ တွင် တစ်ရွာလျှင် ငွေကျပ်သိန်း(၃၀၀)စီဖြင့်လည်းကောင်း၊ Type-2 အဆင့်အဖြစ် ကျေးရွာ(၃)ရွာ တွင် တစ်ရွာလျှင် ငွေကျပ်သိန်း(၂၀၀)စီဖြင့်လည်းကောင်း၊ Type-3 အဆင့်အဖြစ် ကျေးရွာ(၁)ရွာတွင် ငွေကျပ်သိန်း (၁၀၀)ဖြင့် လည်းကောင်း ထုတ်ချေးပေးပြီး လက်ရှိ စီးပွားရေး လုပ်ကိုင်လိုသူများ၊ တိုးချဲ့လုပ်ကိုင်လိုသူများအား ဦးစားပေး၍ ချေးငွေချထားပေးမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ကာလ စီးပွားရေးကျဆင်းနေမှုများအား ပြန်လည် ကုစား ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)