မြောင် ဩဂုတ် ၁၈
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ရသစ်ကျေးရွာတွင် လျှပ်စစ်မီးလင်းရေးအောင်ပွဲဖွင့်လှစ်ခြင်းကို ယမန်နေ့ ညနေ(၆)နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌ ဦးတင်ဇော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးမှူးဦးနေမျိုးဇော်က အမှာစကားပြောကြားခြင်းနှင့်အတူ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်း စရာ များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်ဖြန့်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
မြောင်မြို့နယ်တွင် ကျေးရွာစုစုပေါင်း(၈၂)ရွာရှိကာ ကျေးရွာပေါင်း(၈၀)မီးလင်းပြီဖြစ်ကြောင်းသိရသည်။
တင်ကိုကို(ပြန်/ဆက်)