ကဝ ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဩဂုတ်(၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၁)လုံး နှင့် အမိုးလန်ပျက်စီးနေအိမ်(၉)လုံးအတွက် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၏ ထောက်ပံ့မှုများ ပေးအပ် ခြင်းကို ယနေ့ မွန်းလွဲ (၂)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပခဲ့ သည်။
အဆိုပါပေးအပ်မှုတွင် အောင်သပြေကျေးရွာရှိ ပြိုလဲနေအိမ်(၁)လုံးမှ လူဦးရေ(၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး နှင့် ဆန်ဖိုး (၇)ရက်စာ (၁၆၈၀၀) ကျပ်နှင့် လေဘေးသင့်နေအိမ် (၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုတို့မှ လူဦးရေ (၅၇)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀) ကျပ်၊ စုစုပေါင်း(၃၁၆၈၀၀)ကျပ်အား မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းယုမောင် ကပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)