ကျောက်ထု ဩဂုတ် ၁၈
ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ရှိ ဂုံဘိုရပ်ကွက်ဒေသခံများမှ ကွင်းအမှတ် ၆၅ ၏ လယ်ယာမြေများ ၁၆၅ ဧကအတွက်ရေသွယ်သည့် ကိုယ့်အားကိုယ်ကိုး မြောင်းအရှည် ၃ဖာလုံအား စုပေါင်းလျက် ချီချောင်းရေမှ သွယ်ယူသော ရေမြောင်းအား အမှိုက်များ ရှင်းလင်း ခြင်းနှင့် လယ်ယာမြေများတွင် ရေသွင်းရေထုတ်ကောင်းမွန် စေရေးအတွက် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းတွင် ဆင်းသုခစပါးမျိုးကို စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်းနှင့် မြောင်းကော်မတီအတွင်းရေးမှူး ဦးဟန်တင်မှ ဦးဆောင်လျက် ရပ်ကွက်ရှိ ပြည်သူလူထုများက စုပေါင်းလျက် လုပ်ငန်းဆောင်ရွက်ကြ ကြောင်း သိရသည်။
မောဟေမာန်(ပြန်/ဆက်)