မင်းကင်း ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေကို ယမန်နေ့မွန်းလွှဲပိုင်းက လောင်းတည်ကျေးရွာရှိ ဓမ္မာရုံတွင် လွှဲပြောင်းပေးအပ်ခဲ့ကြ ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လွင်က ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးကကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း လွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာမတည် ရန်ပုံငွေကျပ် (၂၉၇) သိန်းတို့အား လွှဲပြောင်းပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
အလားတူပင် မင်းကင်းမြို့နယ် မင်းစားကျေးရွာ ဓမ္မာရုံတွင် ကျေးရွာမတည်ရန်ပုံငွေကျပ်(၁၉၉)သိန်းကို လွှဲပြောင်းပေးအပ် ခဲ့ကြကြောင်းသိရသည်။
လှငွေ(မင်းကင်း)