ဟိုမိန်းမြို့အတွင်းရှိ သွားလာရေးခက်ခဲသည့် ကျေးရွာများသို့ အသက်(၆)လမှ (၉)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်

ဟိုမိန်း          ဩဂုတ်   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ သွားလာရခက်ခဲသည့် ကျေးရွာများသို့ ဟိုမိန်းကျေးလက်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ရပ်ကျေးစာရေးတို့ ပူးပေါင်း၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ဟိုမိန်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး မှူး ဦးလင်းအောင်သန့်နှင့် ဝန်ထမ်းများက အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ အသက်(၆)လမှ (၉)နှစ်အောက် ကလေးငယ် များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် လာရောက် ပြသသည့် ကျေးရွာသူ ကျေးရွာသားများ အားလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟိုမိန်းမြို့အတွင်းရှိ သွားလာရေးခက်ခဲသည့် ကျေးရွာ များထဲမှ ခုံလုံကျေးရွာအုပ်စု၊ ခုံလုံကျေးရွာနှင့် နောင်လိုင်ကျေးရွာတို့တွင် အသက် (၂)လ မှ (၁)နှစ်ခွဲအထိ ကလေးငယ်(၃)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ အသက်(၆)လမှ (၉)နှစ် အောက် ကလေးငယ်(၆၀)ဦးတို့အား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး ခဲ့ကြောင်းနှင့် ကျန်းမာရေးလာရောက်ကုသမှု ခံယူသည့် ကျေးရွာသူ ကျေးရွာသားများမှာ (၄၃)ဦး ရှိကြောင်း သိရသည်။

နန်းဆေး(ပြန်/ဆက်)