ကျိုက်မ​ရောမြို့နယ် မီးသတ်အ​ဆောက်အဦသစ်အား လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်​ဆေး

ကျိုက်မ​ရော သြဂုတ်  ၁၈

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် တည်​ဆောက်ပြီးစီး​နေသည့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မြို့နယ် မီးသတ် အ​ဆောက်အဦအသစ်အား မွန်ပြည်နယ် လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​နေထွဋ်ဦးနှင့် တာဝန် ရှိသူများ၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြား​ရေးမှူး ဦးတင်​မောင်ရီနှင့် အဖွဲ့များသည် ယ​နေ့နံနက် ၁၀ နာရီက အဆိုပါ မီးသတ်ရုံးအ​ဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ကြ​ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရာတွင် မီးသတ်အ​ဆောက်အဦသစ်ဖွဲ့စည်းပုံ၊ ​မြေ​နေရာအကျယ်အဝန်း၊    အဆောက်အဦသစ်အ​​ပေါ်ထပ် အခန်းများရှိ အစည်းအ​ဝေးခန်းမ၊ ဝန်ထမ်းများ နေထိုင်ရာ အခန်းများအား ကြည့်ရှုစစ်​ဆေးပြီး အ​ဆောက်အဦအောက်ထပ်၌ မီးသတ်​မော်တော်ယာဉ်များ ထားရှိရန်​နေရာနှင့် အ​ရေး​ပေါ်ကယ်ဆယ်​ရေး ပစ္စည်း များ ထားရှိရန်​ နေရာများ၌ ပစ္စည်းများစနစ် တကျထားရှိ​ရေးနှင့် အ​ဆောက်အဦအား ​ရေရှည် တည်တံ့ ခိုင်မြဲ​​ရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း​စောင့်​ရှောက်​ကြရန်မှာကြား၍ လိုအပ်သည်များကို ကျိုက်မ​ရောမြို့နယ် အုပ်ချုပ်​ရေးမှူးနှင့် တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့​သည်။

အဆိုပါ မီးသတ်အ​ဆောက်အဦသစ်ကြီးကို (၂၀၁၉-၂၀၂၀) ခုနှစ် ဘဏ္ဏာ​ရေးနှစ်တွင် မွန်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံ​ငွေကျပ် (၁၈၁) သန်း (တစ်ရာရှစ်ဆယ့်တစ်သန်း) ဖြင့် ဘုန်းထက် ကြယ်စင်ကုမ္ပဏီမှ တာဝန်ယူ တည်​ဆောက်ခဲ့ပြီး အလျား၇၃ ​ပေ၊ အနံ ၅၂ ​ပေ၊ အမြင့် (၂၆)​ ပေရှိ နှစ်ထပ်အ​ဆောက်အဦဖြစ်ကာ လက်ရှိ အချိန်တွင်  ၁၀၀ ရာခိုင်နှုန်းပြီးစီး​နေပြီးဖြစ်​ကြောင်းသိရသည်။

ချိုချို ( ပြန်/ ဆက်)