ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ထန်းတပင်(ရန်ကုန်)  သြဂုတ်  ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ်လ (၁၈)ရက်နေ့၊ နေ့လယ်ပိုင်းက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက မြို့နယ်အတွင်း၌ နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးအပ်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက တောင်သူများအား ထောက်ပံ့ ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍တာဝန်ရှိသူများက ကျေးရွာအုပ်စု(၁၇)အုပ်စုတို့မှ တောင်သူ(၁၀၇) ဦးတို့၏ စိုက်ဧက(၅၀၉)ဧကတို့အတွက် ထောက်ပံ့ငွေကျပ်(၄၂၅၄၉၅ဝဝ)ကို တက် ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (CERP) အစီအစဉ်အရ ကျေးရွာအုပ်စု(၂၄)အုပ်စုရှိ တောင်သူ(၁၈၂)ဦးတို့၏ စိုက်ပျိုးဧက(၁၀၀၉)ဧကတို့အတွက် ထောက်ပံ့ ငွေများကို ပေးအပ်သွားမည်ဖြစ်ကာ ရိုးရိုးမျိုးစပါးတစ်ဧကလျှင်(၁၄၈၅ဝဝ)နှုန်းနှင့် အဆင့်မြှင့် မျိုးစပါး တစ်ဧကလျှင်ငွေကျပ်(၁၅၀၅ဝဝ)နှုန်းကိုထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရပြီး ယခုအခါ ကျေးရွာ အုပ်စု(၁၇)အုပ်စုတို့မှ တောင်သူ (၁၀၇)ဦးတို့၏ စိုက်ဧက(၅၀၉)ဧကအတွက် ပထမအကြိမ်၊ ပထမအရစ်အနေဖြင့် ရိုးရိုးမျိုးစပါးတစ်ဧကလျှင် (၈၃၅ဝဝ)နှုန်းနှင့် အဆင့်မြှင့် မျိုးစပါး တစ်ဧကလျှင် (၈၅၅ဝဝ)နှုန်းဖြင့်စတင်၍ မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)