ဝေါလေမြိုင် မတ် ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.မ.က(ဝေါလေ) စာသင်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းရီက အဖွင့်အမှာစကားပြောကြားပြီး ဝေါလေတိုက်နယ်ဆေးရုံမှ အကြီးတန်းသူနာပြု ဒေါ်အေးနန္ဒာမြင့်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကူးစက်နိုင်သည့်အချက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ရောဂါကာကွယ်သည့် အခြေခံအချက်များဖြစ်သည့် လက်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) ဝတ်ဆင်ခြင်း၊ လူစုလူဝေးများသို့ သွားလာခြင်းများကို ရှောင်ကျဉ်ခြင်း စသည့်အချက်များအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်/ဆက်ဦးစီးဌာနမှ ကောလဟာလသတင်းများအား မယုံကြည်ရန်နှင့် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သော မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)နှင့် ပတ်သက်၍ လူမှုကွန်ယက်မီဒီယာများတွင် ဖော်ပြလျက် သတင်းအချက်အလက်များကိုသာ ယုံကြည်ကြရန် ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသော ပြည်သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြသထားသော နံရံကပ်စာစောင်များအား တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)