စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်‌လေ့ကျင့် သဘာ၀ဘေးအန္တရာယ် အကြောင်း အသိပညာပေးဆွေးနွေး

ရေဦး ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးသတ်ဦးစီးမှူရုံး ဦးစီးမှူး ဒုတိယ သန္ဓေတပ်ဖွဲ့ ၀င်များက ယမန်နေ့ ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ “စူပါဖိုက်” ၊ “ ရွှေသစ္စာ” ဆန်စက်များအား မီးဘေးကာကွယ်နိုင်ရေး စစ်ဆေး ခဲ့သည်။

ရှေးဦးစွာ မီးသတ်ဦးစီးမှူးနှင့်အဖွဲ့က ဆန်စက်ရုံအတွင်း လှည့်လည်၍ ဆန်သိုလှောင် ထားရှိမှု အခြေအနေ၊ မီးသတ်ဆေးဘူးများ အရည်အသွေးပြည့်၀မှု၊ ထားရှိမှု၊ လျှပ်စစ်အန္တ ရာယ် ကင်းရှင်း မှု၊ ဆန်စက်၀င်းနှင့် စက်ရုံအတွင်း သန့်ရှင်းမှုရှိမရှိတို့ကို စစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်သွားရန်    စစ်ဆေးအကြံပေးခဲ့သည်။ ဆက်လက်ပြီး မီးသတ်ဦးစီးမှူးမှ လေပေါင်ချိန် ပြည့်မီးသတ်ဆေးဘူး၏ အရေးပါပုံကို ရှင်းပြခဲ့ပြီး အရေးပေါ်   မီးဘေးကာကွယ်နိုင်ရေး  မီးသတ်ဆေးဘူးအသုံးပြု   မီးငြှိမ်းသတ်နည်း ကို  ရှင်းလင်း ပြသခဲ့သည်။

ထို့နောက်  သန္ဓေတပ်ဖွဲ့၀င်များမှ ဆန်စက်လုပ်သားများ အရေးပေါ်မီးငြှိမ်းတတ်စေရန်  မီးသတ်ဆေးဘူး၊  ရေစို အ၀တ် အသုံးပြုမီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ပြသ ဇာတ်တိုက်‌ လေ့ကျင့်ပေးခဲ့ကြသည်။ ယင်းနောက် ဆန်စက်လုပ်ငန်းရှင်  လုပ်သားများနှင့်   သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ  အသိပညာ ပေး ဆွေး‌နွေးခဲ့ကြကြောင်း သိရသည်။

သန်းထိုက် ( ရေဦး )