ရေစကြို သြဂုတ် ၁၈
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲက မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြောင်းရွှေ့လူနေအိမ် ၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၅ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀ဝိ/- ကျပ်၊ ဆန်ရိက္ခာဖိုး ၁၀၅၀ဝိ/-ကျပ်၊ စုစုပေါင်းငွေကျပ် ၁၁၀၅၀ဝိ/- ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံး တာဝန် ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင်( ပြန်ဆက်)