ဘီးလင်းမြို့နယ်တွင် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်

ဘီးလင်း ဩဂုတ် ၁၈

ဘီးလင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ် မောင်းနှင် တတ်စေရန်နှင့် စက်ကိရိယာများကို သက်တမ်းပြည့်သုံးစွဲနိုင်စေရန် ရည်ရွယ်၍လယ်ယာသုံး စက်ကိရိယာမောင်းနှင်မှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃၇)စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ် ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် သထုံခရိုင်စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မြင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး  မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမျိုးနိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာများမှ တောင်သူသင်တန်းသား(၃၀)ဦးတက်ရောက်ကြပြီး ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်၊ ကောက်စိုက်စက်၊ လက်တွန်းထွန်စက်များ ထိန်းသိမ်း မောင်းနှင်ခြင်းနှင့် ပြုပြင်ခြင်းများကို စက်မှုလယ်ယာ ဦးစီးဌာန ဝန်ထမ်းများက ရက်သတ္တ ၂ ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထူးနောင်(ပြန်/ဆက်)