မွန်ပြည်နယ်၊ ရေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်အဆင့်(၂)ရရှိ

ရေး ဩဂုတ် ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၂)ဦး ဝင်ရောက်ဖြေဆိုပြီး အောင်ချက် ၆၈ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် (၁၅)ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။

တစ်နိုင်ငံလုံးတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅) ကျောင်းရှိပြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့်ကျောင်း (၄၀) ကျောင်းမှ ရေးမြို့နယ်ကျောင်းသည် အောင်ချက် ၆၈ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိသော ကျောင်းဖြစ်ပြီး အဆိုပါအောင်မြင်သော ကျောင်းသား/ ကျောင်းသူများ၏ ရရှိသောအမှတ်ပေါ် မူတည်ပြီး ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)နှင့် (စစ်ကိုင်း)ကျောင်းများသို့ ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်သက်ခိုင်ကထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)