အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်းနှင့်မြောင်းဖုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေး

ရန်ကုန်  ဩဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းနှင့်မြောင်းဖုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်၊ စောလေ့ကျင့်ကုန်းလမ်း၊ သာယာအေး(၂)လမ်းနှင့် အဏ္ဏဝါ (၁)လမ်းကြားတွင် ခရိုင်ရေစီးရေလာ နှင့် ရေဆိုးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း တာဝန်ယူဆောင်ရွက်နေသော အုတ်ရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ပြီးစီးမှုပမာဏနှင့် ဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လို အပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)