အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်

ရန်ကုန်   ဩဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်းရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန် အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ နိဗ္ဗာန်လမ်းမကြီးနှင့် သိပ္ပံလမ်းမကြီးတို့တွင် ရပ်ကွက် အတွင်းရှိ မတည်အလှူရှင်များနှင့် လုပ်အားဒါအလှူရှင်များ၏ ကိုယ်ထူ ကိုယ်ထအုတ်ရေမြောင်းဘောင် အုတ်စီမြှင့်တင့် ခြင်း၊ ရေမြောင်းအတွင်းရှိ သဲများ၊ နူံးများ ဆယ်ယူခြင်း၊ လမ်းပေါ် ရေမလျှံစေရေးအတွက် လမ်းသားမြှင့်တင်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေသည့် နေရာသို့ အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းကော်မတီများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် ကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)