ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး  ကော့မှူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ကော့မှူး   ဩဂုတ်  

၂၀၂၀-ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက်ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့  လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး  ဒေါ်မိုးမိုးစုကြည်နှင့်  အဖွဲ့ဝင်များသည် ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  ဝန်ကြီးက   မဲစာရင်းများ တိကျမှန်ကန်ရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရရှိရေး၊ မဲဆန္ဒရှင် စာရင်း များ ပြည့်စုံမှန်ကန်ရေး၊ မဲရုံများတွင်  မဲဆန္ဒရှင်ပြည်သူများအား ကျန်းမာရေးနှင့်အညီ မဲပေးနိုင်ရေး၊ မဲရုံများကို အထပ် အမြင့်တွင် ဆောင်ရွက်ခြင်း မပြုရေးနှင့် မြေညီထပ်တွင် ဆောင်ရွက်နိုင်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ  လုပ်ငန်းများတွင် ဆောင်ရွက်နေသော ဌာနဆိုင်ရာများ အနေဖြင့် တွေ့ကြုံနေရသည့် မြေပြင်အခက်အခဲများ   လိုအပ်ချက်များကို ပံ့ပိုးကူညီ နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရန် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်း များကို လမ်းညွှန်ဆွေးနွေး မှာကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောနိုင်၊ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တောင်ပိုင်းခရိုင် တာဝန်ခံ ဦးကျော်မိုးကြည်၊ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်အောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ဝင်း၊ မြို့နယ် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးမှူးဦးကိုကိုဦး၊ မြို့နယ်ကော်မရှင် အရာရှိဒေါ်မြသဲဖြူ တို့က မဲစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိရေး၊ လက်ရှိဆောင်ရွက် လျက်ရှိသည့် အစီအမံများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လည်းကောင်း အသေးစိတ် အသီးသီး ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီး ဝန်ကြီးမှ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ကျော်သူရ (ကော့မှူး၊ပြန်/ဆက်)