လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ဒလမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် တွေ့ဆုံဆွေးနွေး

ဒလ  သြဂုတ် 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မှန်ကန်စေရေးနှင့် မဲပေးခွင့်ရှိသူများအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေး အဖွဲ့နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မန်နေ့ မွန်းလွဲ နာရီက  မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ပံ့ပိုးကူညီရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ (တိုင်းဒေသကြီးဦးစီးမှူး) ညွှန်ကြားရေးမှူး ဦးစောနိုင် နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်တို့က ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက်  မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါက်တာ ကျော်သူတင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ခိုင်နွယ်ဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစောကနဲဖိုး တို့က မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ နှင့် မဲဆန္ဒရှင် စာရင်းတွင် အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ် ဖြည့်သွင်းနိုင်ရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်များ ဆောင်ရွက်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဒလမြို့နယ်တွင် မဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာခြင်းကို  ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်နေ့မှ  သြဂုတ် ၁၄ ရက်အထိ  (၂၁)ရက် ကပ်ထားခဲ့ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အသီးသီး တင်ပြလာသော မဲစာရင်းတွင်  မိမိအမည် မပါရှိ၍ ပုံစံ()ဖြင့် လျှောက်ထားသူ ၂၈၉၇ ဦး၊ မပါဝင်သင့် မပါဝင် ထိုက်သူများ ပါဝင်နေခြင်း အတွက် ပုံစံ() ဖြင့် ကန့်ကွက် တင်ပြသူ ၇၂၄ ဦး၊ ပါရှိနေသော အချက်အလက်များ မှားယွင်းနေသည့်အတွက် ပြန်လည် ပြင်ဆင်ပေးနိုင်ရန်  ပုံစံ(-)ဖြင့် လျှောက်ထားသူ ၂၇၅၃ ဦးရှိသည်။

 အဆိုပါ မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက်  ပုံစံ() ဖြင့် လျှောက်ထားသူ ၉၅၉ ဦး၊ ပုံစံ() ဖြင့် ကန့်ကွက် တင်ပြသူ  ၁၅၈ ဦး နှင့်  ပုံစံ (-)ဖြင့် လျှောက်ထားသူ ၁၈၀၅ ဦး တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ  ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးကြောင်းသိရသည်။       

ဒလမြို့နယ်တွင် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိရာ၊ မဲရုံပေါင်း ၁၈၂ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်လင်းကျော်(ဒလ)