ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်နှင့် Book Club အသင်းဝင် ဒေါ်မြင့်မြင့်သန်း တို့က လူကုန်ကူးမှု ဖြစ်ပွားရခြင်း အကြောင်းအရင်း၊ လူကုန်ကူးခံရမှုမဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များနှင့် လူကုန်ကူးခံရမှုဖြစ်ပွားပါက ဆက်သွယ်အကြောင်း ကြားရမည့် နေရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများကပြသထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးနံရံကပ် စာစောင်နှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာကြရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က ရှင်းလင်း ပြသပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)