ကြည့်မြင်တိုင် သြဂုတ် ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ သက်မှတ်ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မရှိစေရေးအတွက် အဆိုပါဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ထားခြင်းရှိ၊ မရှိ လိုက်နာ ဆောင်ရွက်ရန်တို့ကို လမ်းညွှန်ပြောကြား စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိဆိုင်များမှသတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)