ရန်ကုန် သြဂုတ် ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဓိကဖြစ်သည့် Mask များကို ယမန်နေ့နံနက် ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းသို့ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့က သွားရောက်လှူဒါန်း ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်၊ မလွှကုန်းရပ်ကွက်နှင့် ကူးတို့ဆိပ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများဖြစ်သော ဓမ္မဇေယျာကျောင်းတိုက်၊ ခေမာဝံသီကျောင်း တိုက်နှင့် ဓမ္မရက္ခိ(ဓမ္မာရုံ) ကျောင်းတိုက်များရှိ သံဃာတော်များအတွက် ကျောင်းတိုက်တစ်တိုက်လျှင် Mask အခုရေ (၅၀၀) ဖြင့် စုစုပေါင်း Mask အခုရေ (၁၅၀၀)ခုကို ဆရာတော်များထံ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့က လှူဒါန်းပေးအပ်ခဲ့ကြသည်။ ဆက်လက်၍လည်း ကျန်ရှိနေသည့် မြို့နယ် အတွင်းမှ ဘုန်းတော်ကြီးကျောင်းများထံ လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)