အမရပူရမြို့နယ်တွင် မဲဆန္ဒရှင်များမကျန်ရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ နေအိမ်များအရောက် ကွင်းဆင်းစစ်ဆေးကောက်ယူ

အမရပူရ သြဂုတ် ၁၉

အမရပူရမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့် မဲဆန္ဒရှင်များမကျန်ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးကောက်ယူခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်မှစတင်၍ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာရင်းကောက်ယူရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့် မဲဆန္ဒရှင်စာရင်းများမကျန်ရှိစေရေးအတွက်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းရှိနေအိမ်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် မဲဆန္ဒရှင်စာရင်းများမကျန်ရှိစေရေန် စစ်ဆေးကောက်ယူလျက်ရှိသည်။

ပြည့်ဖြိုးဝေ(အမရ)