မကွေးမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကွင်းဆင်း ကြည့်ရှု စစ်ဆေး

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မကွေးမြို့ပေါ် အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုဆောင်ရွက်မှုတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)