ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း​ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တံတား သြဂုတ်   ၁၉

၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း တာဝန် ပေးအပ်ခြင်းနှင့် ပုံစံ၃(က)စိစစ်လက်ခံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် နာရီ ၃၀ အချိန်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းတွင်ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် ပုံစံ၃(က)စိစစ်လက်ခံနိုင်ရေး အတွက်လုပ်ငန်းညှိနှိုင်း အစည်း အဝေး တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဝင်း (သင်္ချာအောင်သင်း)က ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြသည့် အတွက်ကျေးဇူးတင်ကြောင်းနှင့် ယခုအခါပုံစံ ၃(က) ဖြင့်လာရောက်လျှောက်ထားပါက စိစစ်လက်ခံရမည့်  အချက်များကိုရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေနန်းမေ