ကျောက်တံခါး ဩဂုတ် ၁၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်ရုံး၊ ကလေးစာဖတ်ခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများနှင့်ရွေ့လျားစာကြည့်တိုက်များ ကွင်းဆင်းဆောင်ရွက်ရာတွင် ငှားရမ်းပေးမည့် စာအုပ်များကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့သည်။
ပြည့်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် လာရောက်လှူဒါန်းရာတွင် ကော်လံမိုက်(၁)ခု၊ နှာခေါင်းစည်း Mask (၅၀) ခုပါ (၁) ဘူး၊ Face Shield (၂)ခု၊ လက်သန့်ဆေးရည်(၂)ဘူးနှင့်ရွေ့လျား စာကြည့်တိုက်အတွက် ဂျပန်ပုံပြင်(မြန်မာဘာသာပြန်) စာအုပ်(၁၈၃) အုပ်တို့ကို ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့(SVA)မှ တာဝန်ခံ ဦးရန်နိုင်က မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)