ပေါင်းတည်မြို့တွင် ညမထွက်ရအမိန့် တိုးမြှင့်ထုတ်ပြန်

ပေါင်းတည်  သြဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်အမှတ်(၅/၂၀၂၀) ညမထွက်ရအမိန့်အား တိုးမြှင့်ထုတ်ပြန်၍ တာဝန်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည် ကပ်ရောဂါ အသွင်ဖြင့် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွား လျက်ရှိနေပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း အသွား အလာ ကန့်သတ်ခြင်းများ နေအိမ်အတွင်းမှာ ပင်နေထိုင်စေခြင်း သံသယရှိသူများကိုလည်း အသွားအလာကန့်သတ်၍ သက်ဆိုင်ရာတာဝန်ရှိများက စောင့်ကြည့်လျက်ရှိပြီး အများပြည်သူတို့၏ကျန်းမာရေးအတွက် ပေါင်းတည်မြို့နယ် ဧရိယာနယ်နိမိတ်အတွင်းရှိ ဒေသခံပြည်သူတို့ ၏အကျိုးဌာ အဆိုပါ အမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအမိန့်အား သြဂုတ်လ ၁၉ ရက် ၁၉.၈.၂၀၂၀ရက်နေ့မှ ရက်ပေါင်း(၆၀) ၁၇.၁၀.၂၀၂၀ရက်နေ့အတွင်း အတည်ဖြစ်သည်ဟုပါရှိ၍ မည်သူ မဆို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲနေ့စဉ် ည(၁၂)နာရီအချိန်မှ နံနက်(၄)နာရီ အချိန်အထိပြင်ပသို့လုံးဝထွက်ခွာခြင်းမပြုရန်နှင့် မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ယင်းကော်မတီမှ တာဝန် ပေးအပ်ထားသည့် စိစစ်ရေး အဖွဲ့များ၏ခွင့်ပြုချက်ဖြင့်သာသတ်မှတ်သည့် အချိန်နှင့်နေရာများတွင်သွားလာ ဆောင်ရွက်မည်ဖြစ် ကြောင်း ပါရှိ သည်။

ထို့နောက် တက်ရောက်လာသူများက အကြံပြု ဆွေးနွေးချက်များကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ပေါင်းစပ် ညှိနှိုင်း ပေးခဲ့သည်။ အဆိုပါညမထွက်ရအမိန့် ထုတ်ပြန်ခြင်းကိုအများပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ မြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေး ကော်မတီ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များမြို့နယ် အတွင်းကြေညာသင်ပုန်း များမြို့နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်နှင့်မြို့နယ် ကိုဗစ်-၁၉ သတင်းမှန် ပြန်ကြားရေးအဖွဲ့ တို့ထံဖြန့်ဝေခြင်း ကပ်ထားကြေညာ ခြင်း များပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်