နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ တိုင်းကော်မရှင်နှင့် ခရိုင်ကော်မရှင်အဖွဲ့တို့မှ လာရောက်စစ်ဆေးပြီး လုပ်ငန်းကိစ္စရပ်များ ဆွေးနွေးမှာကြား

နတ်တလင်း သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ သာယာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ၍ လုပ်ငန်းကိစ္စရပ်များဆွေးနွေးခြင်းကို သြဂုတ် ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ် ကော်မရှင် ရုံးခန်းမ၌ပြု လုပ်ဆောင်ရွက်ကြသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်များအား မဲဆန္ဒရှင် စာရင်းများ ကြေညာရာတွင် အင်အားအပြည့်ဖြင့်ကူညီဆောင်ရွက် ပေးမှုများကို အထူးကျေးဇူးတင်ပါကြောင်း ဖြစ်ပေါ် နေသော နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိမှုများ အသက် ၁၈နှစ်ပြည့်သူများ အတွက်ဆန္ဒမဲ ပေးနိုင်ရေးမှာအဓိကဖြစ်ပါကြောင်း ၎င်းကိစ္စရပ်မှာ အလွန်အရေးကြီးပါ၍ ဆောင်ရွက်လုပ်ကိုင်နေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်က ကော်မရှင်ကိစ္စများနှင့် ပတ်သက်သော လုပ်ငန်းများကို ဆက်လက် ဆွေးနွေးသည်။ ထို့နောက် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲဝင်များမှ ကော်မရှင် လုပ်ငန်းများနှင့် ဆောင်ရွက်နေမှုများကို အသီးသီးတင်ပြ ခဲ့ကြောင်း သိရသည်။ 

ဝင်းမြင့် (နတ်တလင်း)