သဲကုန်းမြို့နယ် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူ

သဲကုန်း   ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏    စီစဉ်ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ အသိပညာပေး ဆိုင်းဘုတ်များကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍    ယနေ့ နေ့လယ်ပိုင်းက သဲကုန်းမြို့ မြို့၀င်မြို့ထွက် ကားလမ်းဘေး နှင့်   ဆင်မြီးဆွဲမြို့ ကားလမ်း ဘေးတွင်  စိုက်ထူဆောင်ရွက်ခဲ့သည်။

အဆိုပါဆိုင်းဘုတ်များတွင် လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့်မကြာ ခဏစနစ်တကျဆေးကြောရန်၊  တစ်ဦးနှင့်တစ်ဦး (၆)ပေခွာ၍ ပြောဆို ဆက်ဆံရန်၊  လူစုလူဝေးရှောင်ရှားရန်၊  အပြင်သို့မဖြစ်မနေထွက်ခွာပါက နှာခေါင်းစည်း (Mask)တပ်ရန်နှင့် မိမိဒေသသို့ ပြည်ပမှပြန်လာသူများ ရှိပါက သက်ဆိုင်ရာ ဌာနများသို့ အမြန်ဆုံး အကြောင်းကြားရန် စသည့်အချက်များပါ၀င်ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)