တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ရွှေကံသာပန်းခြံအတွင်း ကလေးကစားစရာ ဆက်စပ်ပစ္စည်းများနေရာချထားမှုအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

တိုက်ကြီး   ဩဂုတ်   ၁၉

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်ဥက္ကံမြို့ရန်ကုန်-ပြည်လမ်းဘေး ရွှေကံသာပန်းခြံအတွင်း ကလေးများ ပျော်ရွှင်စွာ ကစားနိုင်စေရေးအတွက် ကလေးကစား စရာဆက်စပ်ပစ္စည်းများ နေရာချထားမှုအခြေအနေနှင့် ပန်းခြံအတွင်းရှိ အလှငါးများ မွေးမြူထားသော ရေကန်ဘေးတွင် ကလေးများကစားရာ၌ အန္တရာယ်ကင်းစေရေး စတီး လက်ရန်းများ တပ်ဆင်ထားရှိမှု အခြေအနေတို့အား ယမန်နေ့က မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင် သည် အဖွဲ့ဝင်() ဦးစိုးသန်း၊ တာဝန်ခံ အင်ဂျင်နီယာများ၊ ဥက္ကံမြို့တာဝန်ခံ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကံသာပန်းခြံတွင် ဥက္ကံမြို့ရှိကလေးများ လွတ်လပ်ပျော်ရွှင်စွာ ကစားနိုင်ရေး၊ ကိုယ်ကာယကြံ့ခိုင်စေရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တိုက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) မှ ခွင့်ပြုငွေဖြင့် ကလေးကစားစရာဆက်စပ်ပစ္စည်းများဖြစ်သည့် လျှောအကြီး၊ အသေး၊ နှစ်ဘက်လျှော၊ စီးဆော၊ နှစ်ယောက်စီးဒန်း၊ သံပိုက်ကုန်း၊ ပိုက်ကြိုးတန်းများကို ဆောင်ရွက်ထားရှိပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်၏ ပြောပြချက်အရ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)