ဇီးကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဇီးကုန်း    ဩဂုတ်   ၁၉

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ပိုစတာများနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့နယ် အနောက်ဖက်ခြမ်း ကျေးရွာများသို့ သွားရောက်၍ ပြသခြင်း ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးနှင့် ဝန်ထမ်းများသည် ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက် အလက်များ၊ ကြိုတင်ပြင်ဆင်ရန်အချက်များနှင့် ဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရန်/ရှောင်ရန် အချက်များ ပါဝင် သည့် အသိပညာပေးပိုစတာများ ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ကျေးလက်နေ ပြည်သူများအား လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)