ဖြူးမြို့အမြန်လမ်း (၁၁၅)မိုင် ယာဉ်ရပ်နားစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ဖြူး  ဩဂုတ်   ၁၉

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊  အမြန်လမ်း(၁၁၅)မိုင် ယာဉ်ရပ်နားစခန်းတွင် ဖြူးမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်  ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဦးဆောင်၍ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ဈေးဆိုင်ခန်းများအား ယနေ့ နံနက်(၉)အချိန်တွင် သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဖြူးမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှဦးဆောင်၍ ဌာန ဆိုင်ရာများနှင့်ပူးပေါင်းကာ ယာဉ်ရပ်နားစခန်းအတွင်းရှိ ဈေးဆိုင်ခန်းများ တွင်ပြင်ဆင်ထားရှိမှု များအားစစ်ဆေး၍ ခရီးသည်များတွင် နှာခေါင်း စည်း (Mask) များ မရှိပါက ဝေငှပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးလက်ကမ်း စာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဖြူး(ပြန်/ဆက်)