ပဲခူး သြဂုတ် ၂၀
ပဲခူးခရိုင် ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်များ အလွယ်တကူ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်စာငှါးဝန်ဆောင်မှု Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပဲခူးခရိုင်ရုံးမှ ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းတွင် ခရိုင်စာရင်းစစ်ဦးစီးဌာနနှင့် မြို့နယ်စာရင်းစစ်ဦးစီးဌာနသို့ သွားရောက်ဝန်ဆောင်မှုပေးခဲ့ကြသည်။
နယ်လှည့်စာငှါးဝန်ဆောင်မှု Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းသည် စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသော ဒေသခံပြည်သူများအား တစ်လလျှင် တစ်ကြိမ် အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးပြီး ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့လည်း ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအား လစဉ်ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
သဲစု(ပြန်/ဆက်)