မြောင်းမြ သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ငြိမ်းက ကိုဗစ်-၁၉၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးဦးစိုးသိန်းနှင့် မြို့နယ်ဦးစီးမှူး ဦးတင်မောင်ငြိမ်းတို့က မိုးစပါးမျိုးစေ့ထုတ် တောင်သူမျာအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံပေးအပ်မှုတွင် မီးသွေးချောင်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၁၆)ဦး၊ စိုက်ပျိုးဧက(၁၁၄)၊ ထောက်ပံ့ငွေကျပ် (၉၆၉၈၀၀၀/-)၊ တောင်ကလေး ကျေးရွာတောင်သူ (၁၁)ဦး၊ စိုက်ပျိုးဧက (၅၂.၅)၊ ထောက်ပံ့ငွေကျပ် (၄၄၅၀၇၅၀/-)၊ ငှက်ပျောတောကျေးရွာ တောင်သူ(၃)ဦး စိုက်ပျိုးဧက (၁၄.၅)၊ ထောက်ပံ့ငွေကျပ် (၁၂၃၉၇၅၀) စုစုပေါင်းထာက်ပံ့ငွေ (၁၅၃၈၈၅၀၀/-) ထောက်ပံ့ ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကေခိုင်စိုး(မြောင်းမြ)