ကော့မှူး ဩဂုတ် ၂၀
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေနံနက် ၁၁ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းက အဖွင့် အမှာစကား ပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမြင့်၊ ကကလေးသူငယ်နှင့် အမျိုးသမီးများ ဆိုင်ရာ လုပ်ငန်းများ၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလ အတွင်းကိုယ်ဝန်ဆောင် မိခင်များငွေကြေး ထောက်ပံ့ပေးခြင်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာများကက လေးသူငယ်နှင့် ပတ်သက်သည့် ဥပဒေ အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးများနှင့် ပတ်သက်သည့် အခွင့်အရေးများအားဆွေးနွေးခဲ့ကြသည်။
ကျော်သူရ ကော့မှူး