လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ရွာလေး (မြေတိုင်း−၂၂) ပိတောက် လမ်းနှင့် ကံလှကျေးရွာ ကန်သာယာ(၁)လမ်းများတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန် ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ရွာလေး(မေတိုင်း−၂၂) ပိတောက်လမ်းနှင့် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းရေလျှံမှုမရှိစေရေး ကံလှကျေးရွာ ကန်သာယာ(၁) လမ်းတလျောက် မိုးတွင်းကာလ မိုးရွာသွန်းမှုကြောင့် လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)