တနင်္သာရီ ဩဂုတ်လ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အငြင်းပွားမှုဖြစ်ပေါ်ပါက စေ့စပ်ညှိနှိုင်းဆောင် ရွက်နိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းနှင့် ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်း ဩဇာတိက္ကမရှိပြီးအများ ယုံကြည်လေးစားသူ (ဦးဝင်းလှိုင်၊ ဦးကျင်စိုင်၊ ဦးအောင်မြင့်၊ ဦးကျော်လှိုင်စိုးနှင့် ဦးသီအောင်)(၅)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးအောင်ဆန်းဝင်း၊ ကရင်ပြည်သူ့ပါတီမှ စောဩဂုတ်စတင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထင်ပေါ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးလှကြွယ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)မှဦးမင်းမင်း ၊ပြည်သူ့အရှေ့ဆောင်ပါတီ(PPP)မှ ဦးဝေယံကျော်၊ ပြည်ထောင်စု ကောင်း ကျိုးဆောင်ပါတီ(UBP)မှဦးလှထွန်းနိုင်၊ တစ်သီးပုဂ္ဂလပါတီမှ ဦးအောင်သူ စုစုပေါင်း (၂၂)ဦးတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အတွင်းရေးမှူး ဦးသန့်ဇင်မင်းတို့က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ ပါဝင်ရမည့်ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာသူများကလည်း မိမိတို့သိလိုသည်များ၊ မရှင်း လင်းသည်များကို ပွင့်းလင်းမြင်သာစွာ မေးမြန်းမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အတွင်းရေးမှူး ဦးသန့်ဇင်မင်းတို့က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် မဲဆွယ်စည်းရုံးကာလနှင့် ရွေးကောက်ပွဲကာလများအတွင်း အငြင်းပွားမှုနှင့်ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်မီ ညှိနှိုင်းဖြေရှင်းရေးအတွက် ဥပဒေအရဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီက ညှိနှိုင်းချက်များကို သက်သေခံအဖြစ်တင်သွင်းခွင့်မရှိသကဲ့သို့ ကော်မတီဝင်များကလည်း တရားရုံးသို့ သက်သေအဖြစ်လိုက်ပါပြီးထွက်ဆိုခွင့်မရှိကြောင်း မြို့နယ်အတွင်းရပ်ကွက်(၅)ခုနှင့်ကျေးရွာအုပ်စု (၂၁)အုပ်စု၊ စုစုပေါင်း(၂၆) ခုတွင်(ပထမ)အကြိမ်၊ မဲစာရင်းအရမဲဆန္ဒရှင်ပြည်သူ (၇၉၀၀၀)ကျော်ရှိပြီး၊မဲရုံ(၉၈)ရုံ ရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)