ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အခြေခံပညာကျောင်း(၃)ကျောင်းသို့ လက်သန့်ဆေးရည်ဘူး(Hand Sanitizer) များလှူဒါန်း

ထန်းတပင်(ရန်ကုန်)၊ သြဂုတ် ၂၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လက်သန့် ဆေးရည် (Hand Sanitizer) (၁၀၀ ML)ဘူးများ လှူဒါန်းခြင်း ကို ယမန်နေ့ နံနက်ပိုင်းက  ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံ၊ အ.ထ.က(ထန်းတပင်)၊ အ.ထ.က (ခွဲ) အတွင်း ရေကျော်နှင့် အ.ထ.က(ခွဲ)အုတ်ဖိုကျောင်းများတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့လှူဒါန်းရာတွင် လက်သန့်ဆေးရည် (Hand Sanitizer) အလှူရှင်ကို ကျော်ဇေယျာမင်းနှင့် ပရဟိတ လူငယ်အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်အတွက် (၁၀၀ ML) လက်သန့်ဆေးရည် (၁၂၀)ဘူးပါ (၁)ထုတ်ကို ထန်းတပင် မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပြီး ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူနေကြသူများနှင့် လူနာစောင့်ကိုလည်း လက်သန့်ဆေးရည် ဘူးများကို တစ်ဦးလျှင် တစ်ဘူးနှုန်း လိုက်လံ၍ ပေးအပ် လှူဒါန်းပေးခဲ့ကြသည်။

ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အတွက်လည်း အ.ထ.က (ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်းသို့ ၁၀၀ ML လက်သန့်ဆေးရည်(၁၂၀)ဘူးပါ (၃)ထုတ်၊ အ.ထ.က(ခွဲ) အတွင်း ရေကျော်ကျောင်းသို့ ၁၀၀ ML လက်သန့် ဆေးရည် (၁၂၀)ဘူးပါ(၂)ထုတ်နှင့် အ.ထ.က(ခွဲ)အုတ်ဖိုကျောင်းသို့ (၁၀၀ ML) လက်သန့် ဆေးရည် (၁၂၀)ဘူးပါ (၂)ထုတ်တို့ကို အလှူရှင် ကိုကျော်ဇေယျာမင်းနှင့် ပရဟိတလူငယ်အဖွဲ့ဝင်များက ကျောင်းတာဝန်ရှိသူများ ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပြီး လမုတန်း-ကျူတောလမ်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်နေသူများကိုလည်း လက်သန့်ဆေးရည် ဘူးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)