တွံတေး ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများ၊ စာကြည့်တိုက် အသင်းဝင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာ အောင်သင်းရေးသားသော “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဦးက စာဖတ်ဝိုင်း ပြုလုပ်ပြီး အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် ဗဟုသုတ ရရှိရုံသာမက စာဖတ်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်ခြင်း၊ မိမိသိရှိလိုသည်များကို ပွင့်လင်းမြင်သာစွာ မေးမြန်းနိုင်ကြောင်း၊ မိမိဖတ်မှတ် မိသမျှကို အချင်းချင်း မျှဝေခံစားနိုင်ကြောင်း ပြောကြား ခဲ့သည်။
စာဖတ်ဝိုင်းတွင် တွံတေးမြို့နယ် Youth Club အသင်းဝင် ဒုတိယနှစ်ကျောင်းသား မောင်ရွှေသီအောင်က ဦးဆောင်ဆွေးနွေးရာတွင် “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်မှ “ခွန်းအားစွမ်းပကား ကြီးသော အခါ”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူငယ်ဆိုသည်မှာ ယနေ့တွင် လူငယ်ဖြစ်သော်လည်း နောင်တစ်ချိန်တွင် လူကြီးဖြစ် လာကြမည့်သူများဖြစ်သဖြင့် အရေးကြီး ကြောင်း၊ အစကောင်းမှ အနှောင်း သေချာမည်ဖြစ်ပြီး ငယ်စဉ်ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ဖို့လိုကြောင်း မျိုးစေ့မှန်မှ အပင်သန်နိုင် ကြောင်း၊ ဆရာကခွန်းအားရှိ သူတို့သည် မိတ်ဆွေဖြစ်လျှင် အားကိုးရသလောက် ရန်သူဖြစ်လာလျှင် ကြောက်စရာ ကောင်းလှ သည်ဟု ဆိုထားပါ ကြောင်း၊ ယနေ့လူငယ်များ မိမိတို့ရဲ့ ခွန်းအားတွေကို လွဲမှားစွာ အသုံးချနေကြောင်း၊ လူငယ်များ သည် တိုင်းပြည် တစ်ပြည် ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်သလို တိုင်းပြည်ဖွံ့ဖြိုးမှု နည်းပါးအောင်လည်း ဆောင်ရွက် နိုင်ကြောင်း၊ လူငယ်တို့၏ ခွန်းအားကို အသုံးချတတ်ဖို့လိုကြောင်း အရာတစ်ချို့ကို ရေးသားတင်ပြထားကြောင်း ဦးဆောင် ဆွေးနွေးခဲ့ သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး၏ ဆွေးနွေးချက်အပေါ် တက်ရောက်လာကြသည့် စာပေချစ်သူ စာအုပ စာပေ ဝါသနာရှင် Youth Club မသီရိမောင်နှင့် ပထမနှစ်ကျောင်းသူ မလှိုင်သဇင်ဦးတို့က ပြန်လည် ဆွေးနွေးကာ သိရှိလိုသည့် မေးမြန်းချက်များကို စာပေချစ်သူ၊ စာအုပ်စာပေ ဝါသနာရှင်များကလည်း မိမိတို့ဖတ်မှတ်မိသမျှ ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေး ဖလှယ်ကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)