သနပ်ပင်၊ ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စာရေးဆရာချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထား သော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာမှ စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ သနပ်ပင် မြို့နယ် စာပေဝါသနာရှင် ဦးတင်ဝင်း (ပြန်/ဆက်) အငြိမ်းစားမှ ဆရာ၏ စာပေဘဝဖြတ်သန်းခဲ့ရပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားကာ ဆရာ၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာကို ဖတ်ရှုရခြင်းဖြင့် နိုင်ငံခြားယဉ်ကျေးမှုများ လွှမ်းမိုးလာ သည်ကို ကြောက်ရွံ့၍ မလို ကြောင်း ယူသင့်တာကိုယူ၊ ပယ်သင့်တာကိုပယ်၍ မိမိယဉ်ကျေးမှုနှင့် ပေါင်းစပ်ခြင်းသည် ယဉ်ကျေးမှု တိုးတက် ခြင်းဖြစ်ကြောင်း စသည့် ဆရာ၏ ရေးသားချက်များသည် စာဖတ်ပရိတ်သတ်၏ ရင်ထဲ၌ မှတ်သား ထိုက်သည့် စကားလုံးများဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)