ဘီးလင်း မတ် ၉
ဘီးလင်းမြို့နယ်၊ ညောင်ပလင်ကျေးရွာ၌ ယမန်နေ့ ညက ကျင်းပပြုလုပ်သည့် (၇၁)ကြိမ်မြောက် ပအိုဝ်းအမျိုသားနေ့ အခမ်းအနားအပြီး ည ၈ နာရီခွဲအချိန်တွင် မီးရှူးမီးပန်းများအပေါ်သို့ ပစ်ဖောက်ရာမှ ယမ်းတောင့်တစ်ခုမှာ အပေါ်သို့ မတက်ဘဲအောက်သို့ ပြန်လည်ကျဆင်းလာပြီး ပေါက်ကွဲမှု ကြောင့် အနီးအနားရှိ အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦး တို့အား ယမ်းစထိမှန်ခဲ့သည်။
ယမ်းစထိမှန်မှုကြောင့် ပေါက်ပြဲဒဏ်ရာ ရရှိသူ ၁၀ ဦး (မစိုးရိမ်ရ) တို့အား တာဝန်ရှိသူများက ဘီးလင်းဆေးရုံသို့ ကူညီပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။
ထူးနောင် (ဘီးလင်း)