ဘားအံမြို့တွင် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့အခမ်းအနားနှင့် ရေယုန်ရောဂါအကြောင်း အသိပညာပေး စာတမ်းဖတ်ပွဲ ကျင်းပ

ဘားအံ မတ် ၈

ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် "မြန်မာ့ တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို ကျင်းပခြင်း၊ တိုင်းရင်းဆေး စဉ်ဆက်မပြတ် Traditional Medical Education (CTME) "အစီအစဉ်ဖြင့် ရေယုန်ရောဂါနှင့် ကင်းပုံပင်အကြောင်းသိကောင်းစရာ  စာတမ်း ဖတ်ကြားခြင်းကို ယနေ့ နံနက်(၁၀)နာရီက ခုတင် ၅၀ ဆံ့ တိုင်းရင်ဆေးရုံဘားအံတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့အခမ်းအနားကို ကျင်းပရာ သဘာပတိနှင့် တက်ရောက်လာကြသူ များက နိုင်ငံတော်အလံအား အလေးပြုကြကာ ကျေးဇူးရှင်တိုင်းရင်းဆေးဆရာကြီးများအား ဂုဏ်ပြုသောအား ဖြင့် ၁ မိနစ်ငြိမ်သက် အလေးပြုကြပြီး သဘာပတိ ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးလှမြင့်အောင်က အမှာစကားကြားသည်။ ထို့နောက် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ဩဝါဒ သဝဏ်လွှာကို ခုတင် ၅၀ ဆံ့ တိုင်းရင်ဆေးရုံအုပ်ကြီး ဒေါ်ကြည်ကြည်ဌေးက ဖတ်ကြားပြီး ကရင်ပြည်နယ် အတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုင်းရင်းဆေးပညာဖြင့် ဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ကရင်ပြည်နယ် အသင်းခွဲ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းရင်းဆေး စဉ်ဆက်မပြတ် Traditional Medical Education (CTME) "အစီအစဉ်ကို  ဖာပွန်မြို့နယ် တိုင်းရင်းဆေးကုသဌာနမှ ရေယုန်ရောဂါနှင့် ကင်းပုံပင်အကြောင်း စာတမ်းဖတ်ကြားရာ ရေယုန်ရောဂါ၏ လက္ခဏာများ၊ တိုင်းရင်းဆေးပညာကုထုံးများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကာကွယ်ခြင်း သိကောင်းစရာများကို အသိပညာပေးစာတမ်း ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာကြသော ပြည်နယ်တိုင်းရင်းဆေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဘားအံမြို့ ကုတင် ၅ဝ ဆံ့တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေး ဆရာအသင်းမှ တိုင်းရင်းဆေးဆရာကြီးများ၊ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ် တိုင်းရင်း ဆေးမှူးများ၊ ဒုတိုင်းရင်းဆေးမှူးများ၊ လက်ထောက်တိုင်းဆေးမှူးများ၊ တိုင်းရင်းဆေးဝန်ထမ်းများနှင့် ဘားအံ မြို့တိုင်းရင်းဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ဒေသခံတိုင်းရင်း ဆေးပညာ ဝါသနာရှင်ပြည်သူများက ရေယုန်ရောဂါနှင့် ကင်းပုံပင်အကြောင်း ဆိုင်ရာစာတမ်းနှင့်ပတ်သက်၍ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း  သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)