ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လှိုင်းဘွဲ မတ် ၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးနှင့် NRC တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကိုမောင်ကျေးရွာ အ​​ခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်တို့က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ(၂၂၈)ဦး ကျေးရွာပြည်သူ(၅)ဦး စုစုပေါင်း(၂၃၃) ဦးတို့ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့သည်။

ထိုနောက် ကိုမောင်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)