စေတုတ္တရာမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေး

စေတုတ္တရာ      ဩဂုတ်    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ရာတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းများ ဖြစ်ပေါ်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည့် အခက်ခဲများအား ပံ့ပိုးကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက မြို့နယ်အတွင်းသို့ ရက်(၉၀) ကျော် ရောက်ရှိနေသော ပြည်သူများ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဆောင်ရွက်ပေးသွားရန် ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်မူယာက မိမိတို့မြို့နယ်၌ မဲရုံ (၆၉)ရုံ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၅၇၇)ဦးရှိပါကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ လုပ်ငန်းကော်မတီအား မြို့နယ်ဌာနဆိုင်ရာ (၁၀)ခုဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်းရှင်းလင်းတင်ပြကာ မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်က မိမိတို့အနေ ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ် များအား မြန်မာနိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကျေးရွာအုပ်စု(၃၄) အုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသေးသော ကျေးရွာများတွင် ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်စုများ တွင်  မဲရုံများ ဆောင်ရွက်ထားရှိမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာများ၏ အခြေအနေများ အား ရှင်းလင်းတင်ပြရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များသည် အမှတ်()ရပ်ကွက်ရှိ မဲရုံပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)